Local News

မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံပေါက်ဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

       ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၅၀၀၀-၄၆၀၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၄၃၅၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၄၀၀၀-၄၅၀၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၃၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် (၁၅၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၅၃၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ (၄၅၇၀၀) ကျပ်ရှိ၍   ယခင်တစ်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလာတာသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၀၀၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ (၅၂၀၀၀) ကျပ်ဖြစ်၍ ယခင်တစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၁၀၀၀) ကျပ်ခန့် ဈေးကျလာကြောင်းသိရပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၄၀၀၀  ကျပ်၊ ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၈၅၀၀ ကျပ် ရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၄၅၀၀/၄၅၀၀)ကျပ်ခန့် ဈေးပြန်ကျလာကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၁၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၅၁၀၀၀)ကျပ်၊ 929  (၄၈၅၀၀) ကျပ်၊ ထိုင်ဝမ် (၄၈၀၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၁၅၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၁၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၈၇၀၀) ကျပ်၊ ထိုင်ဝမ် (၄၇၅၀၀)ကျပ်ပေါက် ဈေးရှိ၍ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ကုလားပဲမျိုးစုံ ပေါက်ဈေးမှာ ဈေးအနည်း ငယ် ကျဆင်းလာကြောင်းသိရပါသည်။

နှမ်း(မျိုးစုံ)

     နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ (၆၃၀၀၀မှ၆၇၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်း (၆၅၀၀၀မှ၇၅၀၀၀)ကျပ်ထိ၊ နှမ်းညို တစ်တင်းလျှင် (၅၈၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ(၆၀၀၀၀မှ၆၈၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်း (၆၅၀၀၀မှ၇၅၀၀၀)ကျပ်ထိ၊ နှမ်းညို တစ်တင်းလျှင် (၅၆၅၀၀)ကျပ် ပေါက်ဈေးရှိပြီး  ယခင်တစ်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူဈေးမှာ ဈေးအနည်းငယ်ကျပြီး  နှမ်းနက်ဈေးမှာ ဈေးငြိမ်နေကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

      ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၄၇၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၄၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၅၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၄၇၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၄၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၅၅၀၀)ကျပ် ရှိ၍ ယခင်တစ်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၄၇၀၀မှ၄၈၅၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၄၉၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၄၅၀၀မှ၄၆၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၄၇၅၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာ (၂၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News